ငပလီ ဧပြီ ၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ဝိဇ္ဇာဘာသာတွဲပထဝီဝင်ဘာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိ စာစစ်ဌာန (၂) ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝိဇ္ဇာဘာသာတွဲ ပထဝီဝင်ဘာသာရပ်၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ (၃၆၇) ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ (၃၅၂) ဦးရှိပြီး ပျက်ကွက်သူဦးရေ(၁၅)ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သန်းနု