ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်  ဆက်လက်ဖြေဆို

ပုဗ္ဗသီရိ ဧပြီ ၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန(၅)ခု၌  ပထဝီဝင် ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖွင့်လှစ်စစ်ဆေးလျက်ရှိပြီး ပထဝီဝင်ဘာသာရပ်ကို စာရင်းရှိ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၅၅၉ ဦးရှိပြီး ၅၁၇ ဦး၊ ဝင်ရောက် ဖြေဆိုကာ ၄၂ ဦး၊ ပျက်ကွက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂.၄၉ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုသော ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)