ဟိုပုံး ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါးစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စု နွေစပါးစတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအတွက် နမ့်မဲသာဆည်မှ ဆည်ရေသောက်စနစ်ဖြင့် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ကုန်းကျိုင်း ကျေးရွာတွင် စိုက်ပျိုးသည့် နွေစပါးမျိုးများမှာ အထွက်နှုန်းကောင်းမျိုးဖြစ်သည့် DU-16 နှင့် ဒေသမျိုး များဖြစ်သည့်ရွေး၊ ခေါက်ပုံးလုံ၊ ရွှေဝါထွန်းမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဟိုပုံးမြို့နယ်၌ ယခုနှစ်တွင် နွေစပါးစိုက်ဧက(၁၂၀၀)ရှိပြီး နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များနှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေး ဆွေးနွေပွဲနှင့် သင်တန်းများဆောင်ရွက်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)