လယ်ဝေး ဧပြီ ၇
ပြည်ထောင်စုနယ်မြေ ၊ ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၆၆၁)ဦး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၃)ခုတွင် ဖြေဆိုလျှက်ရှိပြီး ယနေ့ဖြေဆိုသည့် ပထဝီဝင်ဘာသာရပ်တွင် စာရင်းရှိ (၇၀၆)ဦး၊ ပျက်ကွက်(၄၅)ဦး၊ ဖြေဆိုသူ (၆၆၁)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၃.၆၃)ရာခိုင်နှုန်းဖြေဆိုခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများစသည့် ပူးပေါင်းအဖွဲ့များက နေ့စဉ်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)