မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဘာသာရပ်အား ကျောင်းသား ၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မြောက်ဦး  ဧပြီ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဘာသာရပ်အား နံနက် နာရီအချိန်က စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ်ဌာန()ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၀)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ အတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးလျက်ရှိသည်။ မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန()ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၁)ဦးရှိပြီး  အထက-ထမ္မရာဇ်မြို့သစ် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၁၆) ဦး၊ အထက- စာစစ်ဌာနတွင်()ဦး၊ အထက(ခွဲ) အလက () စာစစ်ဌာနတွင်(၅၁)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၁၈)ဦး၊ အထက-တိမ်ညို စာစစ်ဌာနတွင် (၂၆)ဦး၊ အထက-ကျီရာပြင် စာစစ်ဌာနတွင်()ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၁၂၀)ဦးတို့ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)