မောက်မယ်မြို့နယ်၌ နွေရာသီ ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေး သင်တန်းဖွင့်လှစ်

မောက်မယ်  ဧပြီ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်ခန်းမ၌ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်၊ ကွန်ကျိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရှမ်းတိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်း များနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန် ရည်ရွယ်၍ ယမန်နေ့ည ၆ နာရီက ရပ်ကွက်အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား နွေရာသီရှမ်းတိုင်းရင်းသား စာပေသင်ကြားရေး သင်တန်းစတင်ဖွင့်လှစ်ခဲ့သည်။ 

ထိုသင်တန်းကို ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များတို့ကယမန်နေ့မှစ၍ ညစဉ် ၆ နာရီမှ ၉ နာရီအထိ ၃ လအတွင်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူလူငယ်များ ၆၀ ဦး တက်ရောက်ကြောင်း ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)