ဆီဆိုင် ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ ဧပြီ ၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ် ထားရှိသည့် စာစစ်ဌာနများ၌ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုကြကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား (၈)ဦး၊ ကျောင်းသူ(၁၇)ဦး ပေါင်း (၂၅) ဦးရှိသည့်အနက် ပထဝီဝင်ဘာသာရပ်ကို (၂၃) ဦး ၀င်ရောက် ဖြေဆိုကြရာ ကျောင်းသူ(၂)ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၀၀)ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များတို့က စာစစ်ဌာနအနီး ဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များမရှိရအောင် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)