မြောက်ဦး ဧပြီ ၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးညိုမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ မြောက်ဦးမြို့ ယူနစ်စကိုဝင်ရောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးနောက် ဆက်လက်ထွက်ခွာလာရာ အောင်တပ်ရပ်ကွက်၊ မြို့တော်ခန်းမ၌ နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိလာပြီး မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေး ဟောခြင်းကိုဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောရာ မြောက်ဦး မြို့တော်ကို သန့်ရှင်းသာယာလှပရန်အတွက် အမှိုက်စွန့်ပစ်နည်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးသက်လွင်မှလည်း ယူနစ်စကို ဝင်နိုင်ရန် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်း၍ ပူးပေါင်းလုပ်ဆောင် ကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး နောက်ရှေ့ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးညိုမြင့်ထွန်းမှလည်း ရှေ့ဟောင်းယဉ် ကျေးမှုအမွေအနှစ်များ မဖျက်စီးအောင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှေက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်း မှလည်း မြောက်ဦးမြို့တော် ယူနစ်စကိုဝင်နိုင်ရန် လုပ်ဆောင်ချက်များနှင့် အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်ရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ် ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာ ရေး အဖွဲ့၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှု ရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူလူထုများတက် ရောက်ကြပြီး မြောက်ဦး မြို့တော်ကိုအမှိုက် ကင်းစင်မြို့တော် ဖြစ်စေရန် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင် ရွက်ကြရန်ပြောကြားခဲ့ ကြောင်းသိရသည်။
မြင့်စိုး(ပြန်/ဆက်)