ဇမ္ဗူသီရိ ဧပြီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဝန်ထမ်းများစုပေါင်း၍ "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများမှ "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်တွင်ပါရှိသည့် အခန်း (၅) မှ လစာသတ်မှတ်ခြင်း၊ အခန်း (၆) မှ ချီးမြှင့်ငွေနှင့်အခကြေးငွေ၊ အခန်း (၇) မှ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့်ခေါင်းစဉ်များအောက်မှ အကြောင်းအရာများကို အလှည့်ကျဖတ်ရှု၍ သိရှိနားလည်မှု မရှိသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)