ညောင်ဦး ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ရှိ အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီအချိန်က အသက် ၂၀ နှစ်အောက် ညောင်ဦး-ပုဂံဘောလုံးအသင်းနှင့် ချောက် မြို့နယ် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသက် ၂၀ နှစ်အောက် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဘောလုံးအသင်းနှင့် အသက် ၂၀နှစ်အောက် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့နယ် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံး ပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါ ချစ်ကြည်ရေးဘောလုံးယှဉ်ပြိုင်ပွဲတွင် တစ်သင်းစီ အသက် ၂၀ နှစ်အထက် ၃ ဦးစီ ပါဝင်ကစားစေကြောင်း သိရပြီး ချောက်မြို့နယ် ဘောလုံးအသင်းမှ ငါးဂိုး၊ ညောင်ဦး-ပုဂံ ဘောလုံးအသင်းက ၃ ဂိုးဖြင့် ပြိုင်ပွဲပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊ KPD