ကာမိုင်းမြို့၌ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများဆောင်ရွက်

ကာမိုင်း ဧပြီ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ကာမိုင်းမြို့တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးထိုနှံရာတွင် ကာမိုင်းမြို့မီခင်နှင့် ကလေးစောက်ရှောက်ရေးဌာနမှ ကျန်းမာရေး၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်‌/ ကျေးရွာရှိ မွေးကင်စမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်၊ ဂျိုက်သိုးတိုက်ကျွေးခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ မိခင်နှင့်ကလေး‌စောက်ရှောက်ရေးအသင်းနှင့် ကာမိုင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှအဖွဲ့၀င်တို့က ပါ၀င်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)