တိုက်ကြီး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပဖြေဆိုလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် များအား ဧပြီ ၆ ရက်နေ့၌ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံ)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဖလုံ)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (တော်လတီ)စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အဖျောက်)စာစစ်ဌာနတို့တွင် ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား (၁၂၉)ဦး၊ ကျောင်းသူ (၁၈၀)ဦး စုစုပေါင်း (၃၀၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဘောဂဗေဒဘာသာရပ်အား ဖြေဆိုသူကျောင်းသား (၆၃၀)ဦး၊ ကျောင်းသူ (၆၆၇)ဦး စုစုပေါင်း (၁၂၉၇) ဦး ဝင်ရောက်ဖြေဆိုသည်။ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၀၇ ရှိပြီး ဘောဂဗေဒဘာသာရပ်အား ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၇၇ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)