ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို

ရန်ကင်း    ဧပြီ   

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ အထက() စာစစ်ဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ရန်ကင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၆၁)ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၅၆ဦး၊ အပြင်ဝင်ရောက်ဖြေဆိုသူ  စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၁)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၆၁)ဦး စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၁၇)ဦးရှိပြီး ဇီဝဗေဒဘာသာရပ်/ဘောဂဗေဒဘာသာရပ်အား ဖြေဆိုမှုရာခိုင်နှုန်း  ၉၀.၀၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲအား ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက်   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်မှ  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။           

အိရွှေစင်(ပြန်/ဆက်)