မိုးကောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များဖြေဆို

မိုးကောင်း ဧပြီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၂)မိုးကောင်း၊ အ.ထ.က-နမ္မတီးနှင့် အ.ထ.က-ပင်းဘော စာစစ်ဌာနတို့၌ မတ်လ(၃၁)ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ကျ ဆရာ/ ဆရာမများက ကျောင်းတွင်းကျောင်းပြင် စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျောင်းတွင်း/ ပြင်ပဖြေဆိုသူ စုစုပေါင်း (၁၀၉၀)ဦးရှိခဲ့ရာ ဘောဂဗေဒ ဖြေဆိုသူကျောင်းသား (၃၂၅)ဦး၊ ကျောင်းသူ (၆၀၄)ဦး၊ ဇီဝဗေဒဖြေဆိုသူ ကျောင်းသား (၄၃)ဦး၊ ကျောင်းသူ (၁၁၄)ဦး စုစုပေါင်း (၁၀၈၆)ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)