တွံတေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ ဖြေဆို

တွံတေး ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ များမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လယ် ၁၂ နာရီထိ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ များ၀င်ရောက် ဖြေဆိုကြရာတွင် လျှောက်လွှာတင်သွင်းသူ ကျား(၃၉၆)ဦး၊မ(၅၅၄) ဦး၊ စုစုပေါင်း (၉၅၀)ဦးရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပင်မဆောင်တို့တွင် စာစစ်ဌာန (၂)ခု၌ ယနေ့ ဇီဝဗေဒဘာသာရပ်တွင် စာရင်းရှိ ကျား( ၄၂)ဦး၊ မ( ၁၀၆)ဦး စုစုပေါင်း(၄၈)ဦးအနက် နောက်ဆုံးနေ့ ဖြေဆိုသူကျား( ၃၅) ဦး၊ မ( ၉၄)ဦးစုစုပေါင်း(၁၂၉)ဦးဖြေဆိုရာ ၈၇.၁၆ ရာခိုင်နှုန်းရှိပြီး ဘောဂဗေဒ ဘာသာရပ်တွင် စာရင်းရှိ ကျား( ၃၅၄)ဦး၊ မ( ၄၄၈)ဦး စုစုပေါင်း ( ၈၀၂)ဦးတွင် နောက်ဆုံးနေ့တွင် ကျား( ၂၈၁)ဦး၊ မ(b၃၉၁)စုစုပေါင်း( ၆၇၂)ဦး ဖြေဆိုသဖြင့် ၈၃.၇၉ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်မြင့် အဖွဲ့၀င်(၁) ဗိုလ်မှူး ဇာနည်မောင်နှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှု ကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား