မိတ္ထီလာ ဧပြီ ၆
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆဌမနေ့)ဇီဝဗေဒ/ ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်က ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ ၄၈၀၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ စတင်ကျင်းပ ရာ (ဆဌမနေ့)ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ အ.ထ.က(၁)ရှိ ဒက္ခိဏစာစစ် ဌာန၊ ဥတ္တရစာစစ်ဌာန၊ အ.ထ.(၂)စာစစ်ဌာန၊ အ.ထ.က(၃)စာစစ်ဌာန၊ အ.ထ.က(၄)စာစစ်ဌာန၊ အ.ထ.က(၅) စာစစ်ဌာန (၁) (၂)၊ အ.ထ.က(၆)စာစစ်ဌာန၊ အ.ထ.က (ညောင်ကိုင်း) စာစစ်ဌာန၊ အ.ထ.က(တောမ) စာစစ်ဌာန၊ အ.ထ.က(အလည်ရွာ)စာစစ်ဌာန၊ အ.ထ.က(ရေချို) စာစစ်ဌာန၊ အ.ထ.က(ရေဝေ)စာစစ်ဌာန၊ အ.ထ.က(ခွဲ)အောင်ဇေယျာစာစစ်ဌာနနှင့် အ.လ.က (၂)စာစစ်ဌာန စသည့် စာစစ်ဌာန(၁၅)ခုဖြင့် ဆက်လက်ကျင်းပခဲ့သည်။ ထိုသို့ ကျင်းပရာ ၂၀၂၁- ၂၀၂၂ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၂၂၅၅ ဦးနှင့် ကျောင်းသူ ၂၉၁၁ ဦး စုစုပေါင်း ၅၁၆၆ ဦးရှိသည့်အနက် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား ၂၀၅၄ ဦး ၊ ကျောင်းသူ ၂၇၅၀ ဦး စုစုပေါင်း ၄၈၀၄ ဦး ဖြေဆိုခဲ့ပြီး ကျောင်းသား ၂၀၁ ဦးနှင့် ကျောင်းသူ ၁၆၁ ဦး စုစုပေါင်း ၃၆၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။။
သိန်းမြင့်ကျော်(မိတ္ထီလာ)