၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ကော့မှူး၌ အေးချမ်းစွာဖြေဆို

ကော့မှူး ဧပြီ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်စာစစ်ဌာန(၃)ခုတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နံနက် ၉ နာရီတွင် စာစစ်ဌာနအသီးသီးတွင် တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် စာစစ်ဌာနအလိုက် ဇီဝဗေဒနှင့်‌ ဘောဂဗေဒဖြေဆိုသည့်စာရင်းရှိ ကျောင်းသား(၂၃၆)ဦး၊ ကျောင်းသူ(၂၉၇)ဦး၊ စုစုပေါင်း (၅၃၃)ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား(၂၀၈)ဦး၊ ကျောင်းသူ (၂၅၆)ဦး၊ စုစုပေါင်း(၄၆၄)ဦး ဖြေဆိုကြရာ ၈၇ ဒသမ ၅ ရာခိုင်းနှုန်းရှိပြီး ပျက်ကွက်ကျောင်းသား(၂၈) ဦး၊ ကျောင်းသူ (၄၁)ဦး၊ စုစုပေါင်း (၆၉)ဦး ရှိရာပျက်ကွက် ၁၂ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသူ/ကျောင်းသားများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပညာ‌ရေးမှူး ဒေါ်နုနုကြည်နှင့် ဆရာ/ဆရာများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။

ကျော်သူရ(ပြန်/ဆက်)