တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို လယ်ဝေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၉၂)ဦးဖြေဆိုပြီးစီး

လယ်ဝေး ဧပြီ  ၆

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဆဌမနေ့အဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၃၅၉၂)ဦး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၃)ခုတွင် ဖြေဆိုလျက်ရှိပြီး ယနေ့ ဖြေဆိုသည့် ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိ(၃၃၄၆)ဦး၊ ပျက်ကွက်(၂၄၄)ဦး၊ ဖြေဆိုသူ(၃၁၀၂)ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၇၁ရာခိုင်နှုန်း ဖြေဆိုခဲ့ပြီး ဇီဝဗေဒဘာသာရပ် တွင် စာရင်းရှိ(၅၁၉)ဦး၊ ပျက်ကွက်(၂၉)ဦး၊ ဖြေဆိုသူ(၄၉၀)ဦး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၄၁ ရာခိုင်နှုန်း ဖြေဆိုပြီးစီးခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများစသည့် ပူးပေါင်းအဖွဲ့များက နေ့စဉ် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)