မိုင်းယန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်

မိုင်းယန်း ဧပြီ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ၊  အလုပ်မအား၍ စာအုပ်များ လာရောက်ငှားရမ်းခြင်းမရှိသည့် ဝန်ထမ်း များအား စာအုပ်၊ စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှု ခွင့်ရရှိကြပြီး ငှားရမ်းစာအုပ်များကို တစ်ပတ်ပြည့်ပါက စာအုပ်များပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်များ အသစ်ထပ်မံငှားရမ်း နိုင်ရေး အတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး