နမ့်ဆန်၊ ဧပြီလ ၆ ရက်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်အဖြစ် အားကစား အကများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ Online မှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပါသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများစိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ၊နှင့်သက်ကြီး ကျန်းမာရေးလေ့လာလိုက်စားသူများ မိမိတို့နေအိမ်၌ ကိုယ်လက်လှုပ်ရှားအားကစားများကို လိုက်ပါ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး နမ့်ဆန်ဒေသအဆင့်ရုံးမှ ဖွင့်လှစ်ထားသော We Love Namhsan Page တွင် Online မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)