နမ့်ခမ်း ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ယနေ့(၁၂)နာရီ အချိန်တွင် နမ့်ခမ်းစာစစ်ဌာန၌ ဖြေဆိုနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စာစစ်ဌာနအဖြစ် ကျင်းပလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ စုစုပေါင်း လာရောက်ဖြေဆိုသူ (၉၂) ဦးရှိပြီး နမ့်ခမ်းမြို့နယ်စာစစ်ဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုမှု ရာခိုင်နှုန်း(၇၆.၆၇%)ဖြင့် လာရောက်ဖြေဆိုလျက်ရှိသည်။
နမ့်ခမ်းမြို့တွင် ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် အတွင်းစည်းနှင့် အပြင် စည်းကန့်သတ်ထားလျက်ရှိရာ ပညာရေးဌာနမှတာဝန်ကျ ကျောင်းဆရာ/ဆရာမများ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာနမှတာဝန်ကျဝန်ထမ်း၊ ကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးတာဝန်စောင့်ကြည့်ထားရှိကာ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)