မြန်မာနိုင်ငံနှင့် ဂျာမန်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ မြို့ပြအခြေပြု ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ် တုံ့ပြန်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြှင့်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲကျင်းပ

မြောက်ဥက္ကလာပ ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမန်ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ မြို့ပြအခြေပြု ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုန့်ပြန်ခြင်း စီမံချက်(UDRR---ဒုတိယပိုင်း)ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီက မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌက ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင် ထားရမည့် အကြောင်းအရာများနှင့် အရေးပေါ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊  ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီး ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း