နမ့်ဆန် စက်တင်ဘာ ၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် မိဘပြည်သူများအား mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။
ပြည်သူများအကြား ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများနှင့် မည်သူမဆို အိမ်ပြင်ပသို့ထွက်ခွာပါက mask ကို စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားရန် ရည်ရွယ်ချက်ဖြင့် mask အခုပေါင်း (၅၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြရန် အသိပညာပေး နှိုးဆော်ခြင်းကို လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)