ရေးမြို့နယ်တွင် ကျား/မအခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာ​ရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရေး ဧပြီ ၅

မွန်ပြည်နယ်၊ ​ရေးမြို့နယ်တွင် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျား/မ အခြေပြုအကြမ်းဖက် (Gender based Violence) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ ည​နေ  ၃ နာရီက ကုတင်၁၀၀ ပြည်သူ့​ဆေးရုံ အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကိုကိုဦးက မိမိမြို့နယ်အတွင်း ကျား/မ အ​ခြေပြု အကြမ်းဖက်မှုကင်းစင်​ရေးအတွက် ယခုလို အသိပညာ​ပေး​ဆွေး​နွေးပွဲများကို ကျယ်ကျယ် ပြန်ပြန့်နှင့် ရပ်ကွက်​/ကျေးရွာများတွင်လည်း ​ဆောင်ရွက်ရန်လိုအပ်​ကြောင်း​​ပြောကြားပြီး ကုတင် ၁၀၀ ပြည်သူ့​ဆေးရုံ အုပ် ​ဒေါက်တာသွယ်သွယ်ထွန်းမှ ကျား/မ​ရေးရာ Gender အ​ကြောင်းကို အ​​သေးစိတ်ရှင်းလင်း​ဆွေး​နွေးခြင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ စောင့်​ရှောက်​ပေးမှုတွင် သက်ဆိုင်ရာဌာနများမှလည်း ပူး​ပေါင်းပါဝင်​ဆောင်ရွက်​​ပေးကြရန်​​ပြောကြားခဲ့သည်။

ထို့​နောက် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးအဆင့်-၁ ဦး​အောင်​ဇော်ထိုက်မှ ကျား/မအ​ခြေပြု အကြမ်းဖက်မှု၏ အဓိပ္ပါယ်ရှင်းလင်းချက်၊ ကျား/မအ​ခြေပြု အကြမ်းဖက်မှုပုံစံအမျိုးမျိုးတွင်ပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှုတ်စကား   ဖြင့်အကြမ်းဖက်မှု၊ စီးပွား​ရေးနှင့်​ငွေ​ကြေးဆိုင်ရာအကြမ်းဖက်မှု စသည့် အကြမ်းဖက်မှုများအ​ကြောင်း၊ အကြမ်းဖက်ခံရသူများအား ဆေးကုသ​စောင့်​ရှောက်မှု၊ ​ဘေးကင်းလုံခြုံ​စေမှု၊ ဥပ​ဒေ​ရေးရာအကူအညီနှင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မိသားစု၊ ပတ်ဝန်းကျင်များမှ ဝိုင်းဝန်း​ စောင့်​ရှောက်​ဖေးမ​ပေးကြရန် လိုအပ်​ကြောင်းကို power point ဖြင့် ရှင်းလင်း​ဆွေး​နွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်း​ဆွေး​နွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်​ဖြေကြား​ပေးခဲ့​ကြောင်း သိရသည်။

သိမ့်ချယ်ရီ၊ ​ရေး