မော်လမြိုင် ဧပြီ ၅
မွန်ပြည်နယ်သည် နွေရာသီကာလအတွင်း ခရီးသွားလာမှုအများဆုံး ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိနိုင်စေရန်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းက သံလွင်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဉီးဇေယျာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ၏ တည်းခိုနေထိုင်သည့်စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် စေရန်၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) အသစ်ကို ထပ်မံအဆင့်မြှင့်တင် ဆောင်ရွက်ရန်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနက မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသား ကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရမည်ဖြစ်သောကြောင့် ထောက်ခံစာများဖြင့် တည်းခို နေထိုင်ခြင်းမပြုကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချန်ထွန်းက ပြောကြားရာတွင် ရန်ပုံငွေအား(၂) နှစ်ကင်းလွှတ်ခွင့်ပြုကြောင်း၊ ရန်ပုံငွေများအားပေးသွင်းကြစေရေး၊ ရန်ပုံငွေများ မှ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းအရာများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ဆွေးနွေး ကြရာတာ၀န်ရှိသူများက ပြန်လည် ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်