မိုင်းနောင်မြို့တွင်၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီး

မိုင်းနောင် ဧပြီ ၅

ရှမ်းပြည်နယ်(တောင််ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင်၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူဗဗေဒဘာသာရပ်ကို အ.ထ.ကကျောင်း၊စာစစ်ဌာနတွင် ယနေ့နေ့လည်(၁၂)နာရီအချိန်  ကျောင်းသား၊ သူများအေးချမ်းစွာဖြေဆိုပြီးစီးကြောင်း သိရသည်။

မိုင်း​နောင်မြို့စာစစ်ဌာန တွင် အ.ထ.က မိုင်းနောင် အထက ဝမ်စိမ်း၊ အထက(ခွဲ)မိုင်းနန်း ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆို၍ စုစုပေါင်းစာရင်းရှိ(၇၀)ဦး၊ ကျောင်းတွင်းဖြေဆိုသူ(၃၈)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ(၃၀)ဦး၊ စုစုပေါင်း(၆၈)ဦးနှင့် ပျက်ကွက် (၂)ဦးရှိကြောင်း သိရှိရသည်။

မိုင်း​နောင်မြို့ စာစစ်ဌာန အ.ထ.က ကျောင်းတွင် ရူပဗေဒဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ပညာရေးဌာနမှ ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မနန်း(မိုင်းနောင်)