တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းမပြုရေး ကွင်းဆင်းစစ်ဆေး

တံတားဦး စက်တင်ဘာ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် ကုန်စည်အမှတ်တံဆိပ်အညွှန်းများအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများတွေ့ရှိနေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာ ရေး အထောက်အကူပြုပစ္စည်းများဖြစ်သော နှာခေါင်းစည်းများ၊ လက်သန့်ဆေးများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ တားမြစ်ဆေး၊ မူးယစ်ဆေးဝါးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်ခြင်းမရှိသည့်ဆေးဝါးများ၊ သုံးစွဲရန်မသင့် သောဆေးဝါးများ၊ ကုန်အမှတ်တံဆိပ်အညွှန်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေး ဝါးကြီးကြပ်ရေးကော်မတီဝင်များ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ ဈေးနှုန်းမြှင့်တင်ရောင်းချနေသည့်ဆိုင်များ စစ်ဆေးတွေ့ရှိရခြင်း  ပြည်သူ များအနေဖြင့် သတင်းပေးတိုင်ကြားမှုများဖြစ်ပေါ်လာပါက အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးထက်၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)