Cash for Work (CFW) စီမံကိန်းဖြင့်ဆောင်ရွက်သော လုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

ရွာငံ      စက်တင်ဘာ     ၁  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work(CFW)စီမံကိန်းဖြင့်ကျေးရွာ(၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ လင်းဝေးကျေးရွာအုပ်စု၊ ကျောက်တော(မ)ကျေးရွာတွင် ရွာတွင်းလမ်းပြုပြင်ခြင်း နှင့် သဲဗြုန်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက စက်တင်ဘာ (၁) ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးကြောင်းသိရသည်။

အဆိုပါ Cash for Work(CFW) စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာသူ/ သားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သူအားလုံးကို လုပ်အားခအနေဖြင့် အနည်းဆုံးငွေကျပ်(၄၈၀၀)မှ အများဆုံးငွေကျပ်(၆၀၀၀)အထိ ဒေသပေါက်ဈေးအတိုင်း လုပ်အားခ ပေး ချေကြောင်း သိရှိရပါသည်။ အဆိုပါကျောက်တော(မ)ကျေးရွာသည် ၎င်းစီမံကိန်း ရရှိသဖြင့် ကျေးရွာသူ/ သားများမှ ဝင်ငွေလည်းရရှိပြီးမိမိတို့ကျေးရွာအနေဖြင့် လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်း တစ်ခုအား မိမိတို့ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိကြောင်း ကော်မတီဝင်များ၏ ပြောပြချက်အရသိရှိရသည်။ ထို့နောက် ရွာတွင်းလမ်းပြုပြင်ခြင်း နှင့်သဲဗြုန်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုသတ်မှတ်ထားသည့် အတိုင်းအတာ အတိုင်းပြီးစီးမှုရှိ/မရှိ လုပ်ငန်းအရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီမှုရှိ/မရှိစစ်ဆေးပြီး၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မြို့နယ်ဦးစီးမှူးမှ ဆွေးနွေးမှာကြား ကြောင်း သိရှိရသည်။

 

ရွာငံမြို့နယ်(ပြန်/ဆက်)