ပုဗ္ဗသီရိမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

 

ပုဗ္ဗသီရိ စက်တင်ဘာ - ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိစေ ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မင်္ဂလာ ဒီပရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မင်္ဂလာ ဒီပ ရပ်ကွက်သို့ တစ်အိမ်တက် ဆင်းသွားရောက်၍  မဲပေးခွင့်ရှိသောပြည်သူများ မဲစာရင်းတွင်ပါဝင် ခြင်းရှိ/မရှိ စစ်ဆေး ပြီး မပါဝင်ပါကထည့်သွင်းပေးခြင်း၊ မှားယွင်းနေပါက ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ မထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထား ကြေညာလျက်ရှိရာ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါ၍ထည့်သွင်းရန် ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၅၈၃၄ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကိုကန့်ကွက်သည့် ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၁၆၀၇ ဦး၊ ကိုယ်ရေး အချက်အလက်များမှာယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လျှောက် ထား သူ ၅၁၃၄ ဦးရှိပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဖြည့်စွက် ဆောင် ရွက် ပေးလျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

ကံချွန်(ပြန်/ဆက်)