နမ့်ဆန် စက်တင်ဘာ ၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်သည်။
မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲ အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးတင်ထွန်းလင်းက နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၆)စုတို့မှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၀၉)ကတ်အား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)