ကော့မှူးတွင် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး ဧပြီ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဒေဝက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများအညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသည့်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်း မှတ်ပုံတင်ထုတ်ပေးထားသည့်စာရင်းတွင် သေဆုံးသူများ၊ ပြည်ပထွက်ခွာသူများ၊ ပျက်စီး၊ ပျောက်ဆုံးနှင့် နှစ်ကြိမ်၊ သုံးကြိမ်ထပ်သူများ မပါဝင်စေရေး စနစ်တကျဆောင်ရွက်ပေးရန်၊‌ ကော့မှူး မြို့နယ်တွင် ကွန်ပျူတာသို့စာရင်းသွင်းရန် ၁၅၂၀၀၀ ကျော်ရှိကြောင်း ယနေ့အထိ ၁၅၀၀၀ ကျော် ပြီးစီးနေပြီး ကျန်ရှိသည့်အရေအတွက်ကို အချိန်မီပြီးစီး‌အောင် ရိုက်သွင်းရန်အတွက် ဌာနဆိုင်ရာ များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်း၍ သက်ဆိုင်ရာလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ကွန်ပျူတာစာရင်းသွင်းနိုင်ရေးတို့အတွက် ဝန်ထမ်းအင်အားများပေး၍ လုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူရ ပြန်/ဆက်