တွံတေးမြို့နယ်တွင် နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချ

တွံတေး ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား  ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်း ပို့ချခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်စန္ဒကူး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းပို့ချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးက နိုင်ငံသားနံပါတ်မှန်ကန်ရေး အတွက် နိုင်(၄) ဇယားကွက်(၁၃) မျိုးရိုက်ပုံရိုက်နည်းများ၊ Electrical Identify document ဆိုင်ရာ အကြောင်းအရာ များကို ရှင်းလင်း ပြောကြားခဲ့သည် ဆက်လက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးမောင်အေးခိုင်နှင့် ဦးအောင်မင်းသူရိန်( အငယ်တန်းစာရေး)တို့မှ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ အဘ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ်၊ အမိ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ်၊ မိဘ၏ အလုပ်အကိုင်၊ မိဘ၏နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးလက်မှတ် အမှတ်နှင့် ထုတ်ပေးရက်စွဲ၊ အသက် ၁၈ နှစ်ပြည့်မည့် ရက်စွဲ စသည့် နိုင်(၄)ပါ အကြောင်းအရာ မှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာ ၀န်ထမ်းများအား စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Software Program စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာ ကွန်ပျူတာ ကျွမ်းကျင် ဝန်ထမ်းများမှ ၄၅ ရက်ကြာ ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းမှာ ဖြစ်ကြောင်း သိရှိရသည်။

ယင်း Software Program ရေးသွင်းခြင်း သင်တန်းပို့ချခြင်း သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးကျော်မြင့် အဖွဲ့၀င်(၁ ဗိုလ်မှူးဇာနည်မောင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦး တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရှိရသည်။

တွံတေးသား