သုံးခွ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူက နိုင်ငံသားနံပါတ်မှန်ကန်ရေးအတွက် နိုင်(၄) ဇယားကွက်(၁၃) မျိုးရိုက်ပုံရိုက်နည်းများ၊ Electrical Identify document ဆိုင်ရာ အကြောင်းအရာများကိ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ ဒေါ်မျိုးသီတာဇော် (အငယ်တန်းစာရေး) မှ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ အဘ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ်၊ အမိ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ် ၊မိဘ၏ အလုပ်အကိုင်၊ မိဘ၏နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးလက်မှတ် အမှတ်နှင့်ထုတ် ပေးရက်စွဲ၊ အသက်၁၈နှစ်ပြည့်မည့်ရက်စွဲ စသည့် နိုင်(၄) ပါအကြောင်း အရာမှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာ၀န်ထမ်းများအား လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၄၅ရက်ကြာသင်တန်းပို့ချပေးမှာဖြစ်ပြီး ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်း ခြင်းသင်တန်းပို့ချခြင်းသင်တန်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးစိုးသိန်း၊ အဖွဲ့၀င်(၁)ဗိုလ်မှူး သန်းဇော်လင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦမင်းသူတို့မှ ဝိုင်း၀န်းပူးပေါင်းပါ၀င်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)