ဂွ ဧပြီ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတတိယနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား အ.ထ.(ဂွ)၊ အ.ထ.(ဆပ်သွား)နှင့် အ.ထ.က(ကျိန္တလီ) စသည့် စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်(၉)နာရီက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ရှိရင်း(၅၀၉)ဦး၊ ဖြေဆို(၄၆၁)ဦးနှင့် ပျက်ကွက် (၄၈) ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၀.၅၇) ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်