ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို

ဇမ္ဗူသီရိ ဧပြီ ၄

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီတွင် ဓာတုဗေဒဘာသာရပ်ကို ဆက်လက် ဖြေဆိုနေကြပြီဖြစ်သည်။

ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုဖြင့် ဖြေဆိုကျင်းပလျက်ရှိပြီး  ယနေ့ ဖြေဆိုကျင်းပသည့် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုစာရင်းပေးသူ     (၂၁၅၇) ဦးရှိပြီး ကျောင်းတွင်းနှင့်အပြင်ဖြေ (၂၀၁၁) ဦးဖြေဆိုကာ (၁၄၆)ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၃ ဒဿမ ၂၃ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံရေး ကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)