ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုးအစိုးရနည်းပညာတက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်း များအား ကြည့်ရှုစစ်ဆေး

လားရှိုး ဧပြီ ၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၂)ရက် မွန်းလွဲ(၃) နာရီ က လားရှိုးအစိုးရနည်းပညာတက္ကသိုလ်ကျောင်းသို့ သွားရောက်ကာ အုတ်ခြံစည်းစည်းရိုး ကာရံခြင်းလုပ်ငန်း၊ RC (3) ထပ် စာသင်ဆောင်(၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍  ဆရာဆရာမများနှင့် တာဝန်ကျ ဝန်ထမ်း များအား တွေ့ဆုံကြောင်းသိရသည်။ 

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(လားရှိုး) ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးဇော်မင်းမှ ကျောင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက် ပြောကြားကာ  အဖွင့်အမှာစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နည်းပညာတက္ကသိုလ် (လားရှိုး)နှင့် ကွန်ပျူတာတက္ကသိုလ်(လားရှိုး)တို့အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၁၀) သိန်းစီနှင့် ငွေကျပ်သိန်း(၁၂၀) တန်ဖိုးရှိအားကစားပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက  ပေးအပ်ရာ နည်းပညာတက္ကသိုလ်(လားရှိုး) ဒုတိယပါမောက္ခချုပ်နှင့် ကွန်ပျူတာတက္ကသိုလ် (လားရှိုး) ဒုတိယပါမောက္ခချုပ်များကလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်  တာဝန်ရှိသူများက အစိုးရ နည်းပညာတက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည့်များ မှာကြားခဲ့ပြီး အေတီတပ်ဦး ကျောင်းဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိသည်။

မောင်မောင်သန်း(တောင်ကြီး)