ကျိုက်ထို စက်တင်ဘာ ၁
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign အသိပညာပေး ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့စျေးနှင့် မီးသတ်စခန်း ရှေ့တို့၌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်ရေး၊ မြို့နယ် အတွင်းရောဂါ ကူးစက်မှုမရှိစေရေး ဒေသခံပြည်သူများအနေဖြင့် အားကစားနှင့်ကျန်းမာ ရေးဝန် ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်စေရန် မလိုအပ်ပဲ အပြင်မထွက်ပါနဲ့၊ အပြင်ထွက်တိုင်း Maskတပ်ပါ၊လက်ကို မကြာခဏစနစ်တကျ ဆေးကြောပါ၊ခပ်ခွါခွါ နေပါစသည်တိုကို ပညာပေးပြသ ထားပြီး နှာခေါင်းစည်းMaskမပါပဲ သွားလာနေသူများကို Maskများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်နှင့် ကိုဗစ် ကော်မတီ၀င်များ၊ လူမှု ကူညီရေး အသင်း၀င်များက ပူးပေါင်းပါ၀င်ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)