တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကိုဖြေဆို

တောင်ပြိုလက်ဝဲ ဧပြီ ၄

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၆၄) ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုခွင့် စာရင်းရှိသည့် ကျောင်းသား၊ ကျောင်းသူ (၆၆)ဉီး ရှိသည့်အနက် (၆၄) ဉီးဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုပျက်ကွက်သူ(၂)ဉီး၊ ဖြေဆို ရာခိုင်နှုန်း(၉၆.၉၇)၊ ပျက်ကွက်ရာခိုင်နှုန်း (၃.၀၃) ရှိကြောင်း တောင်ပြိုလက်ဝဲ မြို့ ကြီးကြပ်ရေးမှူးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက်​မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ပြို(ပြန်/ဆက်)