အလုံမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကြေညာပေးလျက်ရှိ

အလုံ စက်တင်ဘာ ၁

၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အလုံမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို  သြဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြေညာရာတွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အလုံမြို့နယ်က ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ၊ အလုံ မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အများပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက် ရှိကြောင်း သိရသည်။

အလုံမြို့နယ် အနေဖြင့် မဲရုံးပေါင်း ၂၈ရုံ လျားထားလျက်ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)ပြည့်ပြီး မဲဆန္ဒပေး ပိုင်ခွင့်ရှိသူ  စုစုပေါင်း( ၃၃၄၈၉)ဦး ရှိကြောင်း သိရသည်။

တင်တင်ချို ပြန်/ဆက်