ကျိုက်မရော ဧပြီ ၄
၂၀၂၁-၂၀၂၂ခု နှစ်တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉နာရီတွင် စတုတ္တနေ့ဘာသာရပ်ဖြစ်သော ဓာတုဗေဒ ဘာသာရပ်ကို သက်ဆိုင်ရာစာစစ်ဌာန အသီးသီး၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ကျိုက်မရော၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများအဖြစ် အထ.ကကျိုက်မရော၊ အ.ထ.က တရနာ၊ အ.ထ.ကကဒါကျောင်းများ၌ ဖွင့်လှစ်ထားရှိပြီး အဆိုပါစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်ရင်း၊ တပ်ဖွဲ့များ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရန်အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးကိစ္စများ ဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်ယာဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ အဆင်သင့်ထားရှိကာ အရန်စာဖြေခန်းများ ထားရှိပေးထားကြောင်း သိရသည်။
ယနေ့ စတုတ္တနေ့ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၆၀၆)ဦး လာရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၃၃)ဦး ရှိသဖြင့်ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၄.၈၄)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိူက်မရော)