လှိုင် ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် တို့ ပူးပေါင်း၍ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးမျိုးမင်းသန်းက "ကျောင်းသား/သူ လူငယ်လူရွယ်များ ကျန်းမာရေး အထောက်အကူ ပြုစေရန် အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ လူထုလှုပ်ရှားမှု အသိပညာပေး အစီအစဉ်များ ဆောင်ရွက်နိုင်ရေး အတွက် အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူလေးများက အေရိုးဗစ်လေ့ကျင့်ခန်းများကို မြို့နယ်အားကစားနည်းပြမှ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၄.၄.၂၀၂၂) ရက်နေ့မှ (၆.၄.၂၀၂၂)ရက်နေ့အထိ သင်တန်းနည်းပြ(၁) ဦး၊ ကျောင်းသား/သူ (၂၅) ဦးတို့ဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ရဲအောင်