စမ်းချောင်း စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး(၁)၊(၂) လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို ကော်မရှင်ရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ထားရှိကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ အမျိုးသား လွှတ်တော် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁) (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော် အမှတ်(၂) (၅)ဦး၊ ပြည်သူ့ လွှတ်တော်(၆) ဦး၊ တိုင်းရင်းသား လူမျိုးများ ကိုယ်စားလှယ် (၁၃)ဦး၊ စုစုပေါင်းကိုယ်စားလှယ်လောင်း (၃၄)ဦးစာရင်းအား မြို့နယ် အတွင်းရှိ မဲရုံ(၅၂)ရုံတွင် (၃၀.၈.၂၀၂၀)ရက်နေ့မှစ၍ ကပ်ထားကြေညာထားကြောင်းသိရသည်။
ခင်ဆူးသစ်(ပြန်/ဆက်)