လမ်းမတော်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဓာတုဗေဒဘာသာရပ် စာမေးပွဲ ဆက်လက်ဖြေဆို

လမ်းမတော် ဧပြီ

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ (၂၇၄) ဦးမှ ယနေ့နံနက် (၉) နာရီအချိန်ကစ၍ ​နေ့လယ် ၁၂နာရီအထိ ဓာတုဗေဒဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ​ဖြေဆိုကြရမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ် အမှတ် (၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း စာစစ်ဌာနတွင် ဓာတုဗေဒဘာသာရပ် တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ (၁၈၅) ဦး၊ ပြင်ပမှ​ ဖြေဆိုမည့်သူ (၈၉)ဦး၊ စုစု​ပေါင်း (၂၇၄)ဦး​ ဖြေဆိုကြမည်ဖြစ်​သည်။ စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၇၄) ဦးရှိပြီး ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ (၉) ဦး၊ စုစုပေါင်း (၂၈)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊ လမ်းမတော် မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၉. ၇၈ရာခိုင်နှုန်း ဖြေဆိုကြကြောင်း လမ်းမတော်မြို့နယ်တွင် အ.ထ.က ကျောင်း (၂) ကျောင်း၊ အ.လ.က ကျောင်း (၁) ကျောင်း၊ အ.မ.က ကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ()ကျောင်း ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဆန်းမြင့်