ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ကျောင်းသား/ကျောင်းသူ (၁၃၈၄ )ဦး ဆက်လက်ဖြေဆို

ရွှေပြည်သာ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်တွင် အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် စာဖြေဌာန (၃)ခု ဖွင့်လှစ်ထားပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ (၅၆၆)ဦး ဖြေဆိုသူ(၅၁၈)ဦး ပျက်ကွက်(၄၈ )ဦး၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ (၄၉၆)ဦး ဖြေဆိုသူ (၄၂၉)ဦး ပျက်ကွက်(၆၇)ဦး အမှတ်( ၅) အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ(၅၁၀)ဦး ဖြေဆိုသူ(၄၃၇ )ဦး ပျက်ကွက်( ၇၃)ဦးရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အနေဖြင့် စာရင်းရှိ (၁၅၇၂)ဦး ဖြေဆိုသူ (၁၃၈၄)ဦး ပျက်ကွက်(၁၈၈)ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၈.၀၄ ရာခိုင်နှုန်း ဝင်ရောက်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးထွန်း