မော်လမြိုင် စက်တင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယနေ့ နံနက်ပိုင်း၌ သားငါးဈေး(ကျောက်မီးသွေးရုံဈေး)သို့ ဝင်ရောက် စစ်ဆေးရာ တရားမဝင်တင်သွင်းရောင်းချလျက်ရှိသော အေးခဲအသားများ (ကြက်သား၊ ကြက်သဲ၊ ကြက်မြစ်) အား ဖမ်းဆီး သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း ဦးဆောင်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့မှ စစ်ဆေး၍ အန္တရာယ်ရှိသဖြင့် ဖမ်းဆီး သိမ်းဆည်းမှုများပြုလုပ်ခဲ့ပြီး ချက်ခြင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
ပြည်နယ်(ပြန်/ဆက်)