အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ပညာဒါန အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

အလုံ ဧပြီ ၄

​လူငယ်၊ လူရွယ်များ ​နွေရာသီ​ကျောင်းပိတ်ကို အကျိုးရှိစွာ အသုံးချတတ်​စေရန်နှင့် ပန်းချီဝါသနာကို မြှင့်တင်​ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ပညာဒါန အခြေခံပန်းချီ​ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်(၉:၀၀) နာရီအချိန်က စတင်ကာ အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီး သင်တန်းဆရာက ပန်းချီပညာအ​ကြောင်းနှင့် သင်တန်းစည်းမျဉ်များအ​ကြောင်းကို ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အပတ်စဉ် တနင်္လာ​၊ အင်္ဂါ၊ ဗုဒ္ဓဟူးများတွင်  နံနက်(၉:၀၀) နာရီမှ ​(၁၀:၃၀)နာရီအထိ (၄) ပတ်ကြာ သင်ကြား​ပေးမှာဖြစ်ပြီး သင်တန်းသို့ အလယ်တန်းဆင့်​​ ကျောင်းသား၊ ​ကျောင်းသူ(၂၀) ဦး တက်​ရောက်​ကြောင်း သတင်းရရှိသည်။

တင်တင်ချို