မိုင်းနောင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။

မိုင်းနောင်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDSနှင့် အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သတင်းရရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၃၀)ဦး၊ ကလေးငယ်နှင့်အမျိုးသမီးငယ်များ (၅၇)ဦးလာရောက်ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရှိရပါသည်။

မနန်း(မိုင်းနောင်)