မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများထုတ်ပြန်ကြေညာ

ရေး စက်တင်ဘာ ၁

၂၀၂၀၂ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက် / ကျေးရွာကော်မရှင်ရုံးများတွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန်ကြေညာ ရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကို ကြေညာပေးထားပြီး ရေးမြို့နယ်၌ ပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၄)ဦးတို့ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)