ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ  ဇီးပင်ကြီးတဲတိုက်နှင့်နဖူးပြားတဲတိုက်သို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

ညောင်ဦး  ဧပြီ  ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်ကသောက်သုံး ရေဂါလံ၃၂၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်းအေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှသိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်နှင့်နဖူးပြားတဲတိုက်သို့ သောက်သုံးရေဂါလံ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက် ရှိသောတဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှလှူဒါန်းပေးလျက်ရှိရာ ယခု လှူဒါန်းသည့်ဇီးပင်ကြီးတဲတိုက်အတွက်၁၆၀၀ဂါလံနှင့်နဖူးပြားတဲတိုက်အတွက်ရေဂါလံ၁၆၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၂၃၈၆၀ ဂါလံညောင်ဦး  မြို့နယ်သောက်သုံးရေ လိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်တွင် အိမ်ခြေ ၃၇အိမ်ရှိပြီး လူဦးရေ ၁၂၀ကျော် နေထိုင် ကြောင်း၊နဖူးပြားတဲတိုက်တွင်လည်း အိမ်ခြေ ၂၇အိမ်၊လူဦးရေ ၅၀ ကျော်နေထိုင်ကြောင်း နဖူး ပြားတဲတိုက်ရေအကျိုးတော်ဆောင်ထံမှ သိရသည်။

ကိုထိန်၊KPD