သင်္ကြန်ပိတ်ရက်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြေှာ်ချိန်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်

ဗဟန်း ဧပြီ  ၄

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လေးဆူဓါတ်ပုံ​ရွှေတိဂုံ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ စိတ်​အေး​ချမ်းသာ စွာ ကြည်ညိုဖူး​မြော်နိုင်​စေရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်​ကြောင်း သိရှိရ သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြေှာ်ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်)များတွင် နံနက်(၅)နာရီမှ ည(၇)နာရီ အထိ ဖူးမြေှာ်ချိန် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သောလည်း ရုံးပိတ်ရက်မဟုတ်သည့် ပုံမှန်နေ့ရက်များတွင် နေ့စဉ်နံနက် (၅)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ရာ ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်အတွက် မတ်လ ၂၆ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက်(၅)နာရီမှ ည(၈)နာရီအထိ ဘုရားဖူးအချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အများပြည်သူတို့သိရှိနိုင်စေရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အသိပေးကြေညာထားပြီး ဖြစ်သည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရွှေတိဂုံ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ ဖူး​မြေှာ်ကြည်ညိုနိုင်​စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်းဆက်လက် ဖွင့်လှစ်ထားရှိမည်ဖြစ်​ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြေှာ်နိုင်ပါ ကြောင်း သိရှိရသည်။

အောင်မြင့်